အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၆-၂၀၃၀) ရှိ ရော်ဘာလုပ်ငန်းကဏ္ဍာ အကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့၊ ၁၁:၀၀ နာရီအချိန်၌ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းနှင့် တာဝန်ရှိသူများ၊ မြန်မာ့ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆ - ၂၀၃၀) ရော်ဘာလုပ်ငန်း ကဏ္ဍအတွက် လုပ်ငန်းစီမံချက်ပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ရန် အသင်းအဖွဲ့များမှ သိရှိလိုသည်များကို မေးမြန်းနိုင်ရန်ရည်ရွယ်၍ အစည်းအဝေးကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံချက်များရေးဆွဲရာတွင် အမှန်တကယ်အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းစဉ်များကို ထည့်သွင်းရေးဆွဲရန်နှင့် ခန့်မှန်းကုန်ကျစရိတ်များကို တွက်ချက်၍ ထည့်သွင်းဖော်ပြပေးရန် လိုအပ်ပါကြောင်း၊ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆ - ၂၀၃၀) တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကို အပြီးသတ်ရေးဆွဲပြီးပါက နိုင်ငံတော်မှ အတည်ပြုချက် ရယူရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။
ထို့နောက် တက်ရောက်လာကြသူများမှ ရော်ဘာလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ရန်လိုအပ်သည့် ကိစ္စရပ်များနှင့် အသင်းအနေဖြင့် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရာတွင်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်းတို့ကို ဆွေးနွေး ခဲ့ကြပြီး အစည်းအဝေးကို ၁၀:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့